ဤအဝတ်အထည်တို့ကို တင့်တယ်လှပအောင်
ဝတ်ဆင်ခြင်း မဟုတ်ပါ။ ဖုံးလွှမ်းသင့်သည့် ကိုယ်အင်္ဂါ
တို့ကို ဖုံးလွှမ်းနိုင်ရန်၊ ကျန်းမာရေးမပျက်ရအောင် အအေး
အပူ ဥတုဒဏ်ကို ကာကွယ်နိုင်ရန်၊ မှက်၊ ခြင်၊ ယင်၊ မြွေ၊
ကင်း၊ သန်းတို့ မထိပါး မကိုက်ခဲနိုင်စေရန်နှင့် အနေအထိုင်
မျှတ ကျန်းမာရေးရ၍ ဗုဒ္ဓရှင်တော်မြတ်ဘုရား ညွှန်ကြား
တော်မူသော သီလ၊ သမာဓိ၊ ပညာ သုံးသိက္ခာကို ကြိုးစား
ဖြည့်ကျင့်နိုင်ရန် ဝတ်ဆင်ခြင်းဖြစ်ပါသည်။
ဤအစာအာဟာရကို အားအင်ပြည့်ဖြိုးရန်၊ တင့်တယ်
လှပရန်၊ ပျော်ရွှင်မြူးထူးရန် သုံးဆောင်ခြင်းမဟုတ်ပါ
ဓာတ်လေးပါး အစုအဝေးဖြစ်သော ဤခန္ဓာကိုယ်သည်
ကျန်းမာမျှတစွာ အရှည်တည်တံ့၍ မြတ်ဘုရားသာသနာ
ကျင့်နှစ်ဖြာကို ကျင့်နိုင်ပါစေ ဝေဒနာဟောင်းသစ် မဖြစ်
စေရန် ရည်သန်၍ သုံးဆောင်မှီဝဲခြင်း ဖြစ်ပါသည်။
ဤကျောင်းအဆောက်အအုံကို ကျန်းမာရေးမပျက်
ရအောင် အအေးအပူ ဥတုဒဏ်ကို ကာကွယ်နိုင်ရန် မှက်၊
ခြင်၊ ယင်၊ မြွေ၊ ကင်း၊ သန်းတို့ မထိပါး မကိုက်ခဲနိုင်စေရန်
နှင့် အနေအထိုင်မျှတ ကျန်းမာရေးရ၍ ဗုဒ္ဓရှင်တော်မြတ်
ဘုရား၏ သုံးပါးသာသနာ သုံးသိက္ခာကို ကောင်းစွာ
ဖြည့်ကျင့်နိုင်ရန် အသုံးပြုနေထိုင်ခြင်းဖြစ်ပါသည်။
ဤဆေးဝါးကို ရောဂါဝေဒနာကင်းရှင်း ကျန်းမာခြင်း ပြည့်စုံ၍ သုံးဘုံထွတ်ထား မြတ်ဘုရား၏ သုံးပါးသာသနာ သုံးသိက္ခာကို ကောင်းစွာဖြည့်ကျင့်နိုင်ရန် သုံးဆောင် မှီဝဲခြင်း ဖြစ်ပါသည်။