ဣမာယ ဓမ္မာနု ဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။ ဣမာယ ဓမ္မာနု ဓမ္မပ္ပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။ ဣမာယ ဓမ္မာနု ဓမ္မပ္ပဋိပတ္တိယာ သံဃံ ပူဇေမိ။ လောကုတ္တရာတရား ကိုးပါးအားလျော်သော ဤပုဗ္ဗဘာဂ ပဋိပတ် အကျင့်မြတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ပါ၏ အရှင်ဘုရား။ တရားတော်ကို ပူဇော်ပါ၏ အရှင်ဘုရား။ သံဃာတော်ကို ပူဇော်ပါ၏ အရှင်ဘုရား။
ယနေ့ယခု တပည့်တော်တို့ ပြုစုသော ဤကောင်းမှု အစုစုကြောင့် တပည့်တော်တို့သည် ပညာရှိ သူတော်ကောင်း တို့နှင့်သာ တွေ့ကြုံဆုံဆည်း ပေါင်းသင်း ဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန်တို့ကို နာခံ မှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ
နေထိုင်ကြသည့်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံပွါးများ ကြိုးစား အားထုတ်နိုင်ကြသဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ
မျက်မှောက် ပြုရပါလိုကုန်၏ အရှင်ဘုရား။
ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘဘိုးဘွား ဆရာသမားတို့မှစ၍ အလုံးစုံသော သတ္တဝါတို့အား အမျှ ပေးဝေပါကုန်၏။ အမျှရ၍ ချမ်းသာကြပါစေ။
အမျှ အမျှ အမျှ    ယူတော်မူကြပါကုန်လော့။
သာဓု၊ သာဓု၊ သာဓု။