သူတော်သူမြတ်၊ ဆည်းကပ်မှန်စွာ၊
သူမြတ်တရား၊ နာကြားသေချာ။
သင့်အောင်စိတ်ထား၊ တရားကျင့်ရာ၊
သောတာစစ်၊ ဖြစ်ဖို့ကြောင်းလေးဖြာ။
ဗုဒ္ဓ စွမ်းရည်၊ သိမြင်ပြီ ၊ ယုံကြည်မြဲလှစွာ။
ဓမ္မ စွမ်းရည်၊ သိမြင်ပြီ ၊ ယုံကြည်မြဲလှစွာ။
သံဃ စွမ်းရည်၊ သိမြင်ပြီ ၊ ယုံကြည်မြဲလှစွာ။
အရိယ ကဏ္ဍ၊ ငါးသီလ၊ လုံးဝပြည့်စုံရာ။
မဟာပစ္စဝေက္ခဏာတရားဆိုတာ မိမိကိုယ်ကို သောတာပါန်ဖြစ်၊ မဖြစ် စစ်ဆေးခြင်းဖြစ်သည်။
ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်ဝင်၍
ဆင်ခြင်ရှုကြည့်၊ ဖြစ်ပျက်မိ၊ အသိရှင်းသည်သာ။
ယထာဘူတ ၊ မသိရအောင် ၊
ထကြွလွှမ်းမိုး ၊ ကိလေဆိုး ၊ ဖြစ်ရိုးမရှိပါ။
ဤသို့သိရ၊ ပထမ၊ ပစ္စဝေက္ခဏာ
မဂ်သိပြီးဟန် ၊ ဝိပသ်ဉာဏ် ၊ ဖန်ဖန်မှီဝဲကာ။
အကြမ်းအနု ၊ ကိလေစု ၊ ငြိမ်းမျုထင်ရှားရာ။
ဤသို့သိရ၊ ဒုတိယ၊ ပစ္စဝက္ခေဏာ
ရှုမှတ်သိရ ဤလမ်းမှ ပြင်ပတခြားမှာ။
ကိလေသာငြိမ်းဘိ ၊ မြတ်အရိ ၊ မရှိဆုံးဖြတ်ရာ။
ဤသို့သိရ၊ တတိယ၊ ပစ္စဝေက္ခဏာ
ကုစားနိုင်ကောင်း ၊ အာပါတ်ပေါင်း ၊ သိန်းသောင်း ရောက်သေးရာ။
မဖုန်းကွယ်ပဲ ၊ ကုစားမြဲ ၊ နောင်လည်းစောင့်ရိုးပါ။
ဤသို့သိရ၊ စတုတ္ထ၊ ပစ္စဝေက္ခဏာ
ရှောင်လွှဲမရ၊ မှုကိစ္စ၊ ပြုလေသောအခါ
သိက္ခာသုံးပါး၊ ကျင့်ရန်ကား၊
စိတ်အားသန်မြဲသာ
ဤသို့သိရ၊ ပဉ္စမ၊ ပစ္စဝေက္ခဏာ
ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ
လုံးစုံမကြွင်း၊ နှစ်လုံးသွင်း၊ နာခြင်းအားကောင်းစွာ
ဤသို့သိရ၊ ဆဋ္ဌမ၊ ပစ္စဝေက္ခဏာ
ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ
အနက်ကိုသိမြင်၊ စိတ်ကြည်ရွှင်၊ ကိုယ်တွင်သိမ့်သိမ့်ဖြာ
ဤသို့သိရ၊ သတ္တမ၊ ပစ္စဝေက္ခဏာ
ပစ္စဝက္ခဏာ၊ ခုနစ်ဖြာ၊ ညီစွာဖြစ်ပါမူ
အရိယာမှန်၊ သောတာပန်၊ ဧကန်ဆုံးဖြတ်ယူ
အိုဘယ့် လူသား၊ ငမိုက်သား၊ သင်ကား အဝိဇ္ဇာ၊ ပိတ်ဖုံးကာ၍၊ ငါးဖြာအာရုံ၊ ဒုက္ခပုံကို၊ အကုန်မမြင်၊ အကောင်းထင်ကာ၊ ခင်မင်တပ်မက်၊ တွယ်ကာဖက်လျက်၊ အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်၊ တဏှာလက်သည်၊ ထင်တိုင်းခြယ်၍၊ အေးတယ်မရှိ၊ ဆင်းရဲဖိသည်၊ ဝဋ်၏သားကောင် လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ၊ လွတ်အောင်ရုန်း၍၊ ချမ်းသာတွေ့ဖို့၊ မမေ့ ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို၊ အမှန် ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့၊ ဝီရိနှစ်တန်၊ ရှို့မြိုက်တံဖြင့်၊ ဆယ်တန်ကိလေ၊ လောင်ကျွမ်း ကြေအောင်၊ မသေမနာ၊ မအိုပါခင်၊ တက်သုတ်နှင်လျက်၊
ဆောလျင်မြန်စွာ၊ ရှို့မြိုက်ပါလော့၊ နောင်ခါ ကာလ၊ ချိန်လွန်ရဟု၊ နောင်တ တကြီး၊ သင်မညည်းလင့်၊ ဇနီးမယား၊ သမီး သားနှင့်၊ လင်သား အိမ်ရာ၊ အဖြာဖြာကို၊ ငဲ့ကာဖင့်နှေး၊ အချိန်ရွေးက၊ သေဘေးသင့်ကို၊ ဦးလိမ့်တည်း။
ဝိပဿနာဆိုသည်မှာ၊
ရုပ်၊ နာမ် တို့၌ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကို ရှုသိသောဉာဏ်ကို ခေါ်ပါသည်။
ဝိပဿနာဆိုသည်မှာ
ရုပ်၊ နာမ် တို့၌ရှိသော မမြဲသောသဘော၊ ဆင်းရဲသောသဘော ပုဂ္ဂိုလ် သတ္တဝါ အသက်ဝိညဉ် အတ္တမဟုတ်သောသဘောတို့ကို ရှုသိသောဉာဏ်ကို ခေါ်ပါသည်။