ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်
အနန္တ၊ တန်ခိုးတော်အနုန္အနှင့် ပြည့်စုံတော်မူသော သုံးလောက
ထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်းအနံ့
သင်းပျံ့လှိုင်ကြွယ် ပန်းသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့်
ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း
ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။
ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်
အနန္တ၊ တန်ခိုးတော်အနုန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက
ထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား ဖယောင်း
ဆီမီး လျှပ်စစ်မီးနှင့် မီးအသွယ်သွယ် ရောင်လျှံခြယ်၍
ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့်
ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏
အရှင်ဘုရား။
ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်
အနန္တ၊ တန်ခိုးတော်အနုန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက
ထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အေးမြ
ကြည်လင် မြတ်ရေစင်ကို ကြည်ရွှင်ရင်သိမ့် ပီတိစိမ့်မျှ
ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍
လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။
ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဥာဏ်တော်
အနန္တ၊ တန်ခိုးတော်အနှန္တနှင့် ပြည့်စုံတော်မူသော သုံးလောက
ထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်းအနံ့
အရသာဖုံဖုံ ပြည့်စုံပါသော သစ်သီးခဲဖွယ် အသွယ်သွယ်ကို
ရင်ဝယ်သိမ့်သိမ့် ပိတိစိမ့်မျှ ချမ်းငြိမ့် ကြည်သာ စေတနာဖြင့်
ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။
ဤသို့လျှင် သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်
မြတ်ဘုရား၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့်
ဉာဏ်တော်အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်းလှူဒါန်း
ဆက်ကပ်ရသော ဤ ဒါနကောင်းမှု၊ ဆောက်တည်ရသော
သီလကောင်းမှု၊ ပွါးများရသော ဘာဝနာကောင်းမှု
အစုစုတို့ကြောင့် တပည့်တော်(တို့)သည် ပညာရှိ
သူတော်ကောင်းတို့ နှင့်သာ တွေ့ ကြုံဆုံဆည်း ပေါင်းသင်း
ဆက်ဆံ ရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော
တရားမှန် စကားမှန်တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိ
သူတော်ကောင်းတို့ ကျင့်ကြံနေထိုင်ကြသည့်အတိုင်း
ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို
ကျင့်ကြံပွါးများ ကြိုးစားအားထုတ်နိုင်(ကြ)သဖြင့်
ဆင်ရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ
မျက်မှောက် ပြုရပါလို(ကုန်) အရှင်ဘုရား။
ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘဘိုးဘွား
ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား
အမျှပေးဝေပါကုန်၏။ အမျှရ၍ ချမ်းသာကြပါစေ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု၊ သာဓု၊ သာဓု
သာဓု၊ သာဓု၊ သာဓု။